Post by ITC Sinde | 2019-10-02

Coolant ဆိုတာ ကျွန်တော်တို့ လက်ရှိ သုံးနေတဲ့ ကားတိုင်းရဲ့ အင်ဂျင်အတွက် မရှိ မဖြစ် လိုအပ်တဲ့ အရေးကြီးတဲ့ အရည်တစ်ခုပါ။ ဘာအတွက် လိုအပ်တာလဲဆိုရင်တော့ အင်ဂျင်အပူချိန်လွန်ကဲပြီးအင်ဂျာင်နဲ့ ဆက်စပ် အစိတ်အပိုင်းတွေ ပျက်စီးမှုကနေ ကာကွယ်ပေးထားတဲ့ အအေးခံရည်မို့လို့ပါ။

ဟိုအရင်ခေတ်ကားတွေမှာတော့ အင်ဂျာင်အအေးခံရည် (Coolant)ကို အသုံးမပြုဘဲ ရိုးရိုးဘုံဘိုင်ရေကိုသာ အသုံးပြုခဲ့ကြတာပါ။ သို့ပေမဲ့ ရိုးရိုးဘုံဘိုင်ရေဟာ အင်ဂျင်အအေးပေးစနစ်နဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေကို အချိန်ကြာလာတာနဲ့အမျှ ထိခိုက်ပျက်စီးစေနိုင်တာမို့ ရေအစား Coolant တွေကို အစားထိုးအသုံးပြုလာကြတာပါ။

Coolant တွေကို အများအားဖြင့် Antifreeze   လို့ခေါ်ဝေါ်ကြပြီး Ethylene (or) Propylene Glycol ရယ်၊ ရေရယ်ကို ရောနှောထားတဲ့ အရောအနှောကို ခေါ်တာပါ။

Coolant တွေရဲ့ အားသာချက်တွေကတော့

ရေခဲမှတ် မြင့်ပါတယ်။ ရိုးရိုးဘုံဘိုင်ရေဟာ 0·C မှာ ရေခဲပေမဲ့ Coolant တွေဟာ 0·C မှာ ရေမခဲနိုင်ပါဘူး။ ရေခိုင်နိုင်တဲ့ အအေးပိုင်းဒေသတွေအတွက် ရေအစား Coolant ကို မဖြစ်မနေ သုံးစွဲရမှာ ဖြစ်ပါတယ်။ Coolant တွေရဲ့ Antifreeze ကြောင့် Coolant တွေဟာ -37·C ထိ ရေမခဲနိုင်ပါဘူး

ရေဆူမှတ် မြင့်ပါတယ်။ ရိုးရိုးရေတွေဟာ 100·C မှာ ရေဆူပေမဲ့ Coolant တွေရဲ့ ရေဆူမှတ်ဟာ 100·C အထက်မှာ ရှိပါတယ်။ စံသတ်မှတ်ချက်အရ 129·C အထိ ရေမဆူနိုင်ပါဘူး။ ဒါကြောင့် တော်ရုံနဲ့ ရေမဆူ Heat မတက်နိုင်ပါဘူး။

သံချေတက်စေခြင်း မရှိပါဘူး။ ရိုးုရိုးရေတွေဟာ သတ္တုအင်ဂျင်၊ သံအင်ဂျင်တွေကို သံချေးတက်၊ သတ္တုချေးတက်ခြင်းတွေ ဖြစ်စေနိုင်ပေမဲ့ ဒီCoolant တွေကတော့ သံချေးတက်တာ၊ သတ္တုချေးတက်ခြင်းမှ ကင်းဝေးစေပါတယ္။ အမြှုပ်ထခြင်းမှလည်းကင်းဝေးစေပါတယ်။ Heat Transfer လို့ခေါ်တဲ့ အပူကူးပြောင်းသယ်ဆောင်မှုကောင်းလို့ အင်ဂျင်အပူချိန်ကို သတ်သာစေပါတယ်။

Coolant တွေကို ရေရောသုံးရမှာလား၊ ဒီအတိုင်းသုံးရမှာလား?

ယခုလက်ရှိ ကားလောကစေ◌ျးကွက်ထဲမှာ ဝယ်ယူရရှိနိုင်တဲ့ Coolant အမျိုးအစား ၂ မျိိုးရှိပါတယ်။

Concentrate Type (အဆီရည်)

ဒီ Concentrate Type ဆိုတာကိုတော့ စေ◌ျးကွက်ထဲမှာ အဆီရည်လို့ခေါ်ပြီး ဒီအတိုင်း အသုံးပြုလို့မရပါဘူး ရေရောပြီး အသုံးပြုရမှာ ဖြစ်ပါတယ်။ များသောအားဖြင့် 50:50 အချိုးဖြစ်တဲ့ အဆီ ၁ ဆ၊ ရေ ၁ ဆ ရောနှောအသုံးပြုရမှာပါ။ ဝယ်ယူထားတဲ့ Coolant ဘူးမှာ Concentrate လို့ရေးထားရင် ရေရောသုံးရမှာဖြစ်ပြီး ထုတ်လုပ်တဲ့ကုမ္ပဏီက သတ်မှတ်ပေးလိုက်တဲ့ အချိုးအစားအတိုင်း (40:60 , 30:70 , 50:50) အစရှိသဖြင့် ရေသန့်နဲ့ ရောနှောအသုံးပြုရမှာပါ။ Concentrate တွေကို ရေမရောဘဲ အသုံးပြုမိရင် အဆီရည်ရဲ့ ပြင်းအားကြောင့် ရေတိုင်ကီတွေ ပေါက်တာ၊ ရေလည်အုံတွေ ပျက်တာ၊ သံအင်ဂျင်နဲ့ သတ္တုအင်ဂျင်တွေကို ပျက်စီးစေတာတွေ ဖြစ်နိုင်ပါတယ်။

Pre-Mix ( ရေရောပြီးသား )

ဒီ Pre-Mix Type တွေကတော့ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက သတ်မှတ်စံချိန်စံညွှန်းအတိုင်း ရေရောနှောပြီးသား အသင့်သုံး ဖြစ်ပါတယ်။ ဝယ်ယူလိုက်တဲ့ Coolant ဘူးမှာ Pre-Mix လို့ပါရင်ရေရောစရာမလိုဘဲ အသင့်သုံးစွဲနိုင်တာဖြစ်လို့ ထပ်မံရေရောလို့မရပါဘူး။ ထပ်မံရေရောလိုက်ရင် Coolant တွေရဲ့ Quality အရည်အသွေးမပြည့်မီတော့ဘဲ စံချိန် စံညွှန်းအတိုင်း အလုပ်လုပ်နိုင်မှာ မဟုတ်တော့ပါဘူး။

Credit; Lynn Za Nee (P.T.U)

Back ⇦

(1) Machine Tool Operator Course

(2) Tool and Die Maker Course

(3) Machinery Fitter Course

(4) Motor Vehicle Mechanic Course

(5) Pattern Maker Course

(6) Mechanical Draughtsman Course

(7) Electrical Fitter Course

(8) Information Technology Course

(၁) အမှတ်(၂)စက်မှုသင်တန်းကျောင်း ( မန္တလေး )

(၂) အမှတ်(၃)စက်မှုသင်တန်းကျောင်း (သာဂရ )

(၃) အမှတ်(၄)စက်မှုသင်တန်းကျောင်း (ပခုက္ကူ )

(၄) အမှတ်(၅)စက်မှုသင်တန်းကျောင်း (မကွေး )

(၅) အမှတ်(၆)စက်မှုသင်တန်းကျောင်း ( မြင်းခြံ )

Name

Email Address

Course of Interest

Message