Post by ITC Sinde | 2019-10-04

Bolt and Nut တွေမှာ Metric Screw တွေရှိသလို Inch Screw တွေလဲ ရှိပါတယ်။ ISO Standard နဲ့ ထုတ်ထားတဲ့ Metric Screw တွေရဲ့ bolt head နဲ့ Nut ပေါ်က Marking တွေနဲ့ပတ်သက်ပြီး သိသလောက်လေး ပြောချင်တာပါ။

တွေ့ရမဲ့ Markingတွေကတော့ ထုတ်လုပ်သူရဲ့ အမှတ်တံဆိပ်နဲ့ Strength Grade (ခေါ်) Property Class ဆိုတဲ့ bolt and nut ရဲ့ တောင့်တင်းခိုင်ခန့်မှု အဆင့်အတန်းပါ။ Bolt head တွေပေါ်မှာ ကြည့်လိုက်ရင် 4.6, 4.8, 5.6, 6.6, 8.8, 10.9, 12.9, 14.9 အစရှိသည့် ဂဏန်းများကို တွေ့ရပါလိမ့်မယ်။ ပုံ(၁) ကို ကြည့်ပါ။

အဲဒီ ဂဏန်းတွေထဲက decimal ရဲ့ ရှေ့က ဂဏန်းဟာ Bolt ၏ minimum tensile strength (kgf/mm2) ရဲ့ ၁၀ ပုံ ၁ ပုံ ကို ပြောတာဖြစ်ပါတယ်။ Decimal ရဲ့နောက်က ဂဏန်းကတော့ minimum yield stress (သို့) Stress at permanent set limit နဲ့ minimun tensile strength တို့ရဲ့ အချိုးရာခိုင်နှုန်း၏ ၁၀ပုံ ၁ပုံ ဖြစ်ပါတယ်။

အဲဒီလို ဖော်ပြချက်တွေအရ bolt ပေါ်က marking ဟာ 4.6 ဖြစ်တယ်ဆိုရင် Minimum Tensile Strength ဟာ 4×10 = 40 kgf/mm2 ဖြစ်ပါတယ်။ Minimum Yield Stress နဲ့ Minimum Tensile Strength တို့ရဲ့ အချိုးဟာ 6×10 = 60% ဖြစ်ပါတယ်။ အဲဒီ ဂဏန်း ၂ခု မြှောက်ရင် (4×6) = 24 kgf/mm2 ဆိုတဲ့ minimum yield stress ကို ရရှိမှာပါ။

Marking 5.8 ဆိုရင်Tensile Strength,Min = 50 kgf/mm2, Yield Stress, Min = 40 kgf/cm2

Marking 8.8 ဆိုရင် Tensile Strength,Min = 80 kgf/mm2, Stress at Permanent Set Limit = 64 kgf/mm2

Marking 12.9 ဆိုရင် Tensile Strength,Min = 120 kgf/mm2, Stress at Permanent Set Limit = 108 kgf/mm2

အဲဒါကိုကြည့်ခြင်းအားဖြင့် ဂဏန်းကြီးတဲ့ boltတွေဟာ size တူသော်လည်း strength ပိုကောင်းပြီး Torque များများ တိုက်လို့ရပါတယ်။ Bolt ပေါ်က marking တွေအရ တောင့်တင်းခိုင်မာမှုကို သိရှိနိုင်ပြီး Boltတွေပြတ်ထွက်တယ်ဆိုရင် တွေ့ရာ Bolt တွေ ယူမထည့်တော့ပဲ ၎င်း Bolt နဲ့ Strength တူတဲ့ Bolt ၊ ဒါမှမဟုတ် Strength ပိုကောင်းတဲ့ Bolt ကိုထည့်ရမယ်ဆိုတဲ့ အသိလေးကို မသိသေးတဲ့သူတွေအတွက် knowledge share လုပ်ခြင်း ဖြစ်ပါတယ်။ store/spare မှာရင်လဲ ကိုယ်လိုချင်တဲ့ Strength Grade လေး ထည့်မှာနိုင်တာပေါ့ ခင်ဗျာ။

အဲဒီလိုပဲ Bolt ရဲ့ Strength ပေါ် မူတည်ပြီး တိုက်ရမည့် Torque Value တွေဟာလည်း ကွာခြားသွားပါတယ် ဆိုတဲ့အကြောင်း ပုံ (၂) မှာ reference အနေနဲ့ဖော်ပြထားပါတယ်။

Nut တွေမှာလဲ marking အနေနဲ့ 4, 5, 6, 8, 12, 14 တွေကိုတွေ့ရတတ်ပြီး သင်္ဘောပေါ်မှာတော့ marking လုပ်ထားတဲ့ Nut တွေ သိပ်မတွေ့ရဘူးခင်ဗျ။ Bolts & Nuts တွေရဲ့ Strength Grade တွေနဲ့ တွဲဘက်အသုံးပြုသင့်တဲ့ Grade တွေကို ပုံ(၃) မှာ ဖော်ပြထားပါတယ်။

ကိုးကား။ Machinery's Handbook

Credit To :Maung Maung Aung

Back ⇦

(1) Machine Tool Operator Course

(2) Tool and Die Maker Course

(3) Machinery Fitter Course

(4) Motor Vehicle Mechanic Course

(5) Pattern Maker Course

(6) Mechanical Draughtsman Course

(7) Electrical Fitter Course

(8) Information Technology Course

(၁) အမှတ်(၂)စက်မှုသင်တန်းကျောင်း ( မန္တလေး )

(၂) အမှတ်(၃)စက်မှုသင်တန်းကျောင်း (သာဂရ )

(၃) အမှတ်(၄)စက်မှုသင်တန်းကျောင်း (ပခုက္ကူ )

(၄) အမှတ်(၅)စက်မှုသင်တန်းကျောင်း (မကွေး )

(၅) အမှတ်(၆)စက်မှုသင်တန်းကျောင်း ( မြင်းခြံ )

Name

Email Address

Course of Interest

Message