အမှတ်-၁ စက်မှုသင်တန်းကျောင်း(ဆင်တဲ) အမှတ်စဉ်(၄၁) သင်တန်းဖွင့်ပွဲ အခမ်းအနား ကို (၂၂.၁.၂၀၂၄) ရက်နေ့တွင် ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားတွင် ကျောင်းအုပ်ကြီး ဦးဟန်ငြိမ်းဆွေမှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ထို့နောက် သင်တန်းအမှတ်စဉ် (၄၁) မှ တာတန်ကျ သင်တန်းသား ခန့်အပ်ခြင်း အစီအစဉ်ကို ပြုလုပ်ခဲ့ရာ ကျောင်းအုပ်ကြီး ဦးဟန်ငြိမ်ဆွေ၊ တပ်မတော်အကြီးစားစက်ရုံ(ဆင်တဲ)မှ စက်ရုံမှူး ဒုတိယ ဗိုလ်မှူးကြီး ဇော်ဇော်လင်း၊ ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဌ ဦးအောင်ဇေယျ ၊ တပ်မတော်အကြီးစားစက်ရုံ (ထုံးဘို)မှ ဒေါ်ခေါင်နု တို့မှ အဆောင်အရောင်းများပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ ဆက်လက်၍ သင်တန်းကျောင်း၏ မှတ်တမ်း Video Clip ပြသခြင်းနှင့် တက်ရောက်လာသည့် ဧည့်သည်တော်များနှင့် မှတ်တမ်းဓါတ်ပုံရိုက်ကူခြင်းများ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။